Hi-Res Music

အသင်းဝင်ကြေးကောက်ခံထားတဲ့ Hi-Res Music ဝက်ဘ်ဆိုက် သုံးစွဲသူများအတွက် စည်းမျဥ်းစည်းကမ်းများ

အသင်းဝင်ကြေးပေးချေမှု

အသင်းဝင်ကြေးကို လစဉ်/နှစ်စဉ် ပေးချေရန်လိုအပ်ပါသည်။

ပေးချေမှုများကို အချိန်မီပြုလုပ်ရန်နှင့် ပေးချေမှုမပြုလုပ်မီ သတိပေးချက်များကို လိုက်နာပါ။

အကောင့်အသုံးပြုခြင်း

သင့်အကောင့်ကို ကိုယ်ပိုင်အသုံးပြုရန်သာ ဖြစ်ပါသည်။ အခြားသူများနှင့် မမျှဝေပါနှင့်။

လုံခြုံရေးအတွက် စကားဝှက်ကို အကြိမ်ကြိမ်ပြောင်းလဲပါ။

မူပိုင်ခွင့်နှင့် လိုင်စင်

ဝက်ဘ်ဆိုက်ပေါ်ရှိ သီချင်းများအားသက်ဆိုင်ရာအနုပညာရှင်များပိုင်ဆိုင်မှုဖြစ်ပါသည်။ ယခုဝဘ်ဆိုက်သည် အဝေးရောက်နေသောသူများ အကြောင်းအမျိုးမျိုးကြောင့် Audio CD မဝယ်ယူနိုင်သည့်သူများအတွက်ရည်ရွယ်ထားသလို၊ ကဏ္ဍစုံသီချင်းများကို တနေရာထဲမှာရှာဖွေရယူနိုင်ရန်အတွက်ပြုလုပ်ပေးထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါသဖြင့်၊ တတ်နိုင်သမျှ ပြည်တွင်းအနုပညာရှင်များရဲ့ သီချင်းများကို တရားဝင်လိုင်စင်ဖြင့်သာ အသုံးပြုပါရန် တိုက်တွန်းပါသည်။

အကြောင်းကြားချက်များ

ဝက်ဘ်ဆိုက်မှ အကြောင်းကြားချက်များကို အချိန်မီဖတ်ရှုပါ။

ဝက်ဘ်ဆိုက်မှ ပြုလုပ်သော ပြင်ဆင်မှုများနှင့် စည်းမျဥ်းစည်းကမ်းအသစ်များကို လိုက်နာပါ။ ဝက်ဘ်ဆိုက်မှ

တင်သမျှ update တွေကို Discord Server ကနေ တနာရီတခါ အသိပေးမှာမို့ ဝက်ဘ်ဆိုက်မှတင်သမျှ update သိချင်တဲ့မန်ဘာတွေအနေနဲ့ Discod Server ကိုချိတ်ဆက်ထားနိုင်ပါတယ်။

အကြံပြုချက်များနှင့် တုံ့ပြန်ချက်များ

ဝက်ဘ်ဆိုက်၏ အရည်အသွေးကို မြှင့်တင်ရန် အကြံပြုချက်များကို ပေးပို့ပါ။

အကူအညီလိုအပ်ပါက ဝက်ဘ်ဆိုက်၏ အထောက်အပံ့ပေးမှုအဖွဲ့နှင့် ဆက်သွယ်ပါ။

တရားဝင်အရေးယူမှု

စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ပါက ဝက်ဘ်ဆိုက်မှ အကောင့်ပိတ်သိမ်းခြင်း သို့မဟုတ် တရားဝင်အရေးယူမှုများ ပြုလုပ်နိုင်ပါသည်။

စည်မျဥ်းစည်းကမ်းများ

 သီချင်းတောင်းဆိုမှုကို ဝက်ဘ်ဆိုက်ရဲ့ အောက်ဖက်နားရှိ Contact Form မှာ ရေးပြီး ပေးပို့နိုင်ပါသည်။ မန်ဘာအချင်းချင်း ဆဲဆိုခြင်းများ၊ လိင်ကိစ္စနဲ့ဆက်စပ်သောအသုံးအနှုန်းများနှင့် လောင်းကစား ကြော်ငြာများကိုလုံးဝ လုံးဝ လက်ခံမည်မဟုတ်ပါ

အဆုံးသတ်

စည်းမျဥ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် သင်၏ ဝက်ဘ်ဆိုက်အသုံးပြုမှုကို ပိုမိုလုံခြုံစိတ်ချစွာ နှင့် သက်သာစွာ ခံစားနိုင်ပါသည်။ 

Contact email address

📧 [email protected]